Subscribe

Saturday, November 1, 2008

ထင်းရှုးပင်၏တေးသံ

ထင်းရှုးပင်ပျို
မြစိမ်းညို
လေအိုရယ်သွမ်း ကလူနမ်း
ပန်းနေပြီလား . . . ပန်းပြီလား။
မပန်းတဲ့ပြင်
ထီမထင်
တေးရွှင်နေဆဲ . . . ရွှင်နေဆဲ။
ထင်းရှုးပင်ပျို
မြစိမ်းညို
မုန်ယိုမိုးညစ် သူကုတ်ခြစ်
မြစ်ကျွတ်ပြီလား . . . ကျွတ်ပြီလား။
အမြစ်မြဲမြံ
ကြံ့ကြံ့ ခံ
သန်မာဦးမည် . . . သန်ဦးမည်။
ထင်းရှုးပင်ပျို
မြစိမ်းညို
ရန်လိုတောမီး လောက်မြိုက်ညီး
မီးကျွမ်းပြီလား . . . ကျွမ်းပြီလား။
မီးသွေးမဖြစ်
ခွန်အားသစ်
ပုရစ်ညွန့်ဝေ ဘယ်မသေ
အနေရဲရင့် ပွဲလယ်တင့်
ဂုဏ်နှင့် ဒြပ်နှင့်ဝင့် ။ ။

.....
ရေးသားသူ ။ ။ ဖြိုးထိန်
Digitalize by ။ ။ အရိုးခေါင်း

No comments: