အဲ့ဒီညနေ မှာပေါ့
ကျွန်တော် လွမ်းသေနေတယ် ဆို တာ
ဘယ်လိုပြောရမှာ လဲ …
တာရာမင်းဝေ က တော့
လွမ်းခြင်း အင်္လကာ ကို ပန်းဘာသာ နဲ့ 
ကမ္ဗည်းထိုးထား ခဲ့ တယ် ….. ။ ။
အဲ့ဒီညနေ မှာပေါ့
ကျွန်တော် ကတော့
ချစ်ခြင်း မြူနှင်း တွေကို
ထင်းရှူးပင်အောက် မှာ အနမ်းတစ်ပွင့် နဲ့ 
ဖွင့်လှစ် ခဲ့ တယ် …... ။ ။
အဲ့ဒီညနေ မှာပေါ့
ထင်းရှူးတောထဲက မြက်ခင်းစိမ်းလေး က
ကျွန်တော်တို့  နှစ်ယောက် တူတူရောက် ခဲ့ တဲ့
ဧဒင်ဥယျာဉ် လဲဖြစ် ပါ တယ် …… ။ ။
အဲ့ဒီ ညနေ မှာပေါ့
ဆောင်း တွင်း ရာသီ စရင်း
အလင်းမှုန်ချိန်တန်တော့
သူ့  ကို အိမ် ပြန်ပို့  ပေးခဲ့ တယ် ….. ။ ။
အရိုးခေါင်း
Wednesday, December 10, 2008
Subscribe to:
Post Comments (Atom)
6 comments:
ညနေမှာ ချစ်ခြင်းမြူနှင်းကို အနမ်းပွင့်နဲ့ ဖွင့်လိုက်တော့ မနက်ခင်းရောင်နီသန်းချိန်ဆို အိမ်တွင်းအောင်းနေလား ...သူ့ကို အိမ်ပြန်ပို့ပေးတော့ ကိုယ့်အိမ်အပြန်လမ်း ကျတော့ ဧဒင်ဥယျာဉ်ထဲ လမ်းလျှောက်တာကို တွေးရင် ရင်ထဲမှာ ဆာဟာရဖြစ်ကျန်မနေဘူးလား... (နောက်တာ စကင်း) ကောင်းတယ်...
ချစ်သူနှစ်ယောက်ရဲ့ ကြည်နူးစရာမြင်ကွင်း ကို
ထင်ဟပ်စေပါတယ်.. :)
ကောင်းပါတယ်ကိုကြီးအရိုးခေါင်းလေးရယ်
အားပေးနေပါတယ်ဗျာ......( မ.က မှ က. မ)
really love her sure :)
ခုတော့ ရော....
ခုတော့ အဲ့ ဒီညနေ တွေမှာ ဘာတွေလုပ်နေပါသလည်း ကိုအရိုးခေါင်းရေ...
I MISS YOU and I MISS THESE DAY that WHEN WE STARTED OUR LOVE... :(
^ma^
Post a Comment