Subscribe

Saturday, December 6, 2008

လူငယ်

လူငယ်တစ်ယောက်
ဘာမဆိုဖြစ်လောက် တယ်ဆိုပြီး
နေရောင်အောက်မှာ လမ်းလျှောက်လို့  …။

ဒါပေမယ့်
ဘောင်ခတ်ထားတဲ့ လမ်းတွေမှာ
ပူအိုက်မှောင်မိုက် နေ လို့  ….
ပိတ်ဆို့  ထားတာတွေ ဖောက်ထွက်
ဖိနှိပ်မှု ဒဏ်တွေ အောက်
ခံစားချက်တွေ မြိုသိပ် … ရင်း ….
သူ ဟာ … တစ်ခါတစ်ခါ … ကဗျာ
သူ ဟာ … တစ်ခါတစ်ခါ … ဒဏ်ရာ
သူ ဟာ … တစ်ခါတစ်ခါ … ဗလာ ...... ။

ဒီလိုနဲ့  ပဲ
သူ ဟာ … ဦးတည်ချက် ပျောက်သွားလိုက်
သူ ရဲ့  … ၀ိဥာဉ် လေလွင့် သွားလိုက် ...
သူ ( လူငယ် )
နေရောင်အောက် မှာ
ဆက်တော့ လျှောက်တယ်
ဘာမဆို ဖြစ်လောက် တယ်ဆိုပြီး … ။


အရိုးခေါင်း

1 comment:

Anonymous said...

ဖိနှိပ်မှု ဒဏ်တွေအောက် လွှတ်မြောက်..
ဘာမဆိုဖြစ်လောက်တဲ့  သူတစ်ယောက် သို့ ---------->