နှစ်၂၀ကျော် စီးလာတဲ့လှေကလေး
ချောင်းအကျော် မြစ်ဆုံမှာ အပြန်ကို စောင့်နေမှာလား
" ရွက်မလွှင့်မိစေနဲ့"
ကျောအခိုင်းမှာ သက်ပြင်းသံသဲ့သဲ့နဲ့အတူ
စိုးရိမ်ကြောင့်ကြမှုက အရိပ်လိုပဲ ဘယ်လိုမှ နှင်လို့မရခဲ့ဘူး....
လှိုင်းလေဒဏ်ထဲ မုန်တိုင်းထန်လဲထန်တယ်
အကျွမ်းမ၀င်တဲ့ ပင်လယ်ထဲမှာ... ဘယ်တော့ နေခြည်သန်းမှာလဲ
အားငယ်စိတ်ထက် အားကိုတကြီး မင်းကိုလွမ်းတယ်
ချောင်းစပ်နားက "လှေငယ်"
တက်ကျိုးရင် ကျိုးပါစေတော့... အရောက်ပြန်လှော်ခဲ့ချင်တယ်
သံလိုက်အိမ်မြှောင် မလိုဘူး...
မမြင်ရပေမဲ့ လွမ်းရနံ့က ပင်လယ်ထဲထိ ပျံ့နေတာ..
ရေစုန်ရေဆန်မကလို ဘယ်လိုဝဲဂယက်တွေ ရှေ့မှာ ကြိုနေပါစေ
(ခဏဖြစ်ဖြစ်) အိမ်ပြန်လာခဲ့ပါရစေလား ... ချစ်တဲ့ "အဖေ"
မြငြိမ်းငယ်
24th-Nov-2008, 02:00am
Wednesday, December 10, 2008
Subscribe to:
Post Comments (Atom)
1 comment:
အားကျိုးမာန်တက် လှော်ခတ် ပြခဲ့ တဲ့  အဖေ့ ကိုတော့  ဘယ်နေရာရောက်ရောက် အမြဲ လွမ်းနေမှာပါ ...အရိုးခေါင်း ရယ်...
^^
Post a Comment