Subscribe

Saturday, December 6, 2008

လမ်းခွဲ

အပြင်မှာ မှောင်လား ၊ လင်းလား …
မကွဲပြားတော့ဘူး ။
နေ၀င်နေထွက်
ကျွန်တော့်နဲ့ မသက်ဆိုင်သလို …

အခန်းကျဉ်းထဲ က
ကွန်ပျူတာရှေ့  မှာ
မတော်တဆ တွေကို
တမင်သက်သက် ဖန်ဆင်း
သူငယ်ချင်းတွေ များခဲ့ပြီ ။

အခုသုံးနေတဲ့
မြန်းဂလိပ်ဘာသာ
ဘယ်သူတီထွင်တာမှန်း မသိပေမယ့်
တွင်တွင်ကျယ်ကျယ် ကိုသုံးလို့  … ။

Chatting ဟာ
ကော်ပီသီချင်း မဟုတ် …
နီကိုတင်း မဟုတ် …
အဓမ္မမှု မဟုတ် ပေမယ့်
အချိန်တွေကုန်ဆုံး
နာရီတွေ တော့ပြုန်းတယ် ။

Chatting ဟာ
ကောင်းလား ၊ မ ကောင်းလား …
နောက်လူတွေ
ဘာသာပြန်ခွဲခြားဖို့ 
ထားပေးခဲ့ရင်း …
ကျွန်တော်ကတော့
Chatting ကိုဘ၀ မှတ်
အနာဂါတ် ကို အမှတ်တမဲ့ နဲ့ 
ခရီးဆက် ဆဲ … ။

အရိုးခေါင်း

2 comments:

Anonymous said...

မတော်တဆတွေကို တမင် ဖန်ဆင်းပြီး .....
Chatting ကို ဘ၀ မှတ်နေရင် ထမင်းငတ်လိမ့် မယ်..
:P

Anonymous said...

title ကကျတော့ လမ်းခွဲ အဆုံးသတ်ကျတော့ ဘယ်လိုဖြစ်လို့ ခရီးဆက်ဆဲ ဖြစ်သွားတာလဲ ဟင်.. ဘာနဲ့လမ်းခွဲလိုက်တာလဲ... chatting နဲ့... replace လုပ်လိုက်တာလာား.. စကင်း...