အမှတ်တရဆိုတာရှိမနေခဲ့ရင်
အမှတ်ရနေမှာမဟုတ်ဘူး…
သတိရနေတယ်လို့ ပြောလို့မရအောင်
ဟောဒီိကောင်
အလွမ်းထုံနေတဲ့ လူနာ…
အတိတ်စွဲရောဂါနဲ့ မင်းနာမည်ကိုချရေးရင်း
မနက်ခင်းတိုင်း
မိုးခါးရေသောက် အနာမကျက်လဲ သွေးတော့တိတ်ခဲ့ပီ
ထင်ပါတယ်
ငါ့အသက်တချက်ရှူရှိုက်တိုင်း
မျှော်လင့်ချက်တွေ တခါသေတယ်…
မြတ်နိုးခြင်းနဲ့ပဲ တယုတယချစ်ခဲ့သူပါ…
အဲဒီစကားမှာ
သစ္စာတရားတွေပါတယ်…
နားလည်မယ်မဟုတ်လား..
ဝိုးတ၀ါးနဲ့…ငါ
စိတ်တူကိုယ်တူဆောက်ခဲ့တဲ့ တံတိုင်းတဖက်
ခြေစုံရပ် မင်းကိုစောင့်နေမယ်…
" အပြန် "
မြငြိမ်းငယ်
14th Feb-2009
Monday, April 27, 2009
လွတ်မြောက်ခွင့်
လေလွင့်တဲ့စိတ်
ဘောင်ခတ်မရတဲ့ အတွေး
အဆုံးမရှိတဲ့ခရီးကိုနှင်
ရင်ခွင်က ပွစာတက်
စိတ်က ကယောက်ကယက်။
ထိန်းချုပ်ဖို့ ကြိုးစားတဲ့အသိ
မျောပါခွင့် ကို ကန့်သက်တဲ့ဝိညာဉ်
မြုပ်ချီပေါ်ချီ တလှည့်စီမို့
မျှတတဲ့ ရပ်တည်မှု့ကအစွမ်းမဲ့။
ရှေ့တိုးတော့ ဆူး
နောက်ဆုတ်တော့ ရူးမို့
ချောင်ပိတ်မိနေတဲ့ ဒီဘဝ
လွတ်မြောက်ခွင့် တခဏ
ပေးသနားတော်မူပါ အို…သခင်။
စုလတ်
၂၀၀၉.မတ်.၁၄
ဘောင်ခတ်မရတဲ့ အတွေး
အဆုံးမရှိတဲ့ခရီးကိုနှင်
ရင်ခွင်က ပွစာတက်
စိတ်က ကယောက်ကယက်။
ထိန်းချုပ်ဖို့ ကြိုးစားတဲ့အသိ
မျောပါခွင့် ကို ကန့်သက်တဲ့ဝိညာဉ်
မြုပ်ချီပေါ်ချီ တလှည့်စီမို့
မျှတတဲ့ ရပ်တည်မှု့ကအစွမ်းမဲ့။
ရှေ့တိုးတော့ ဆူး
နောက်ဆုတ်တော့ ရူးမို့
ချောင်ပိတ်မိနေတဲ့ ဒီဘဝ
လွတ်မြောက်ခွင့် တခဏ
ပေးသနားတော်မူပါ အို…သခင်။
စုလတ်
၂၀၀၉.မတ်.၁၄
Saturday, December 27, 2008
ဆူးတစ်ချောင်း
အမေ
ခံစားမှု့တွေက..
ရှုပ်ထွေးပွေလီလွန်းလှတယ်။
ဂရုစိုက်မှု့တွေနဲ့ကြင်နာမှု့တွေဟာ
တခါတခါ
ကိုယ့်ရင်ကိုပြန်စိုက်ဆူးစေတဲ့
အဆိပ်ဆူးတွေလိုပါပဲ…
ဒါပေမဲ့ အမေ
ရူးမိုက်စွာပါပဲ
အဆိပ်ရည်တတ်နေတဲ့
အဲဒီဆူးကို
ဆွဲနှုတ်ရန်လည်း အားမထုတ်မိပြန်ဘူး
တဆစ်ဆစ်နာကျင်စွာ
ကြေကွဲရင်း
ရစ်မူးရင်း
နစ်မွန်းရင်းပါပဲ…..
ကြင်နာမှု့နှင့်အတူချစ်ချင်းတွေကတော့
မမှု့လေဘူး
အရှိုန်မပျက် တန်းမတ်စွာနဲ့
စီးမြဲစီးနေလေရဲ့
သွားမြဲသွားနေလေရဲ့…..အမေ
စုလတ်
၂၀၀၈.ဒီဇင်ဘာ.၁
ခံစားမှု့တွေက..
ရှုပ်ထွေးပွေလီလွန်းလှတယ်။
ဂရုစိုက်မှု့တွေနဲ့ကြင်နာမှု့တွေဟာ
တခါတခါ
ကိုယ့်ရင်ကိုပြန်စိုက်ဆူးစေတဲ့
အဆိပ်ဆူးတွေလိုပါပဲ…
ဒါပေမဲ့ အမေ
ရူးမိုက်စွာပါပဲ
အဆိပ်ရည်တတ်နေတဲ့
အဲဒီဆူးကို
ဆွဲနှုတ်ရန်လည်း အားမထုတ်မိပြန်ဘူး
တဆစ်ဆစ်နာကျင်စွာ
ကြေကွဲရင်း
ရစ်မူးရင်း
နစ်မွန်းရင်းပါပဲ…..
ကြင်နာမှု့နှင့်အတူချစ်ချင်းတွေကတော့
မမှု့လေဘူး
အရှိုန်မပျက် တန်းမတ်စွာနဲ့
စီးမြဲစီးနေလေရဲ့
သွားမြဲသွားနေလေရဲ့…..အမေ
စုလတ်
၂၀၀၈.ဒီဇင်ဘာ.၁
Wednesday, December 10, 2008
အဲ့ဒီ ညနေ
အဲ့ဒီညနေ မှာပေါ့
ကျွန်တော် လွမ်းသေနေတယ် ဆို တာ
ဘယ်လိုပြောရမှာ လဲ …
တာရာမင်းဝေ က တော့
လွမ်းခြင်း အင်္လကာ ကို ပန်းဘာသာ နဲ့ 
ကမ္ဗည်းထိုးထား ခဲ့ တယ် ….. ။ ။
အဲ့ဒီညနေ မှာပေါ့
ကျွန်တော် ကတော့
ချစ်ခြင်း မြူနှင်း တွေကို
ထင်းရှူးပင်အောက် မှာ အနမ်းတစ်ပွင့် နဲ့ 
ဖွင့်လှစ် ခဲ့ တယ် …... ။ ။
အဲ့ဒီညနေ မှာပေါ့
ထင်းရှူးတောထဲက မြက်ခင်းစိမ်းလေး က
ကျွန်တော်တို့  နှစ်ယောက် တူတူရောက် ခဲ့ တဲ့
ဧဒင်ဥယျာဉ် လဲဖြစ် ပါ တယ် …… ။ ။
အဲ့ဒီ ညနေ မှာပေါ့
ဆောင်း တွင်း ရာသီ စရင်း
အလင်းမှုန်ချိန်တန်တော့
သူ့  ကို အိမ် ပြန်ပို့  ပေးခဲ့ တယ် ….. ။ ။
အရိုးခေါင်း

နှစ်၂၀ကျော် စီးလာတဲ့လှေကလေး
ချောင်းအကျော် မြစ်ဆုံမှာ အပြန်ကို စောင့်နေမှာလား
" ရွက်မလွှင့်မိစေနဲ့"
ကျောအခိုင်းမှာ သက်ပြင်းသံသဲ့သဲ့နဲ့အတူ
စိုးရိမ်ကြောင့်ကြမှုက အရိပ်လိုပဲ ဘယ်လိုမှ နှင်လို့မရခဲ့ဘူး....
လှိုင်းလေဒဏ်ထဲ မုန်တိုင်းထန်လဲထန်တယ်
အကျွမ်းမ၀င်တဲ့ ပင်လယ်ထဲမှာ... ဘယ်တော့ နေခြည်သန်းမှာလဲ
အားငယ်စိတ်ထက် အားကိုတကြီး မင်းကိုလွမ်းတယ်
ချောင်းစပ်နားက "လှေငယ်"
တက်ကျိုးရင် ကျိုးပါစေတော့... အရောက်ပြန်လှော်ခဲ့ချင်တယ်
သံလိုက်အိမ်မြှောင် မလိုဘူး...
မမြင်ရပေမဲ့ လွမ်းရနံ့က ပင်လယ်ထဲထိ ပျံ့နေတာ..
ရေစုန်ရေဆန်မကလို ဘယ်လိုဝဲဂယက်တွေ ရှေ့မှာ ကြိုနေပါစေ
(ခဏဖြစ်ဖြစ်) အိမ်ပြန်လာခဲ့ပါရစေလား ... ချစ်တဲ့ "အဖေ"
မြငြိမ်းငယ်
24th-Nov-2008, 02:00am

Monday, December 8, 2008
ဥယျာဉ်မှူး
အမှုထမ်း - " အရှင်မဖုရား၏ ကျေးတော်မျိုး အား သနားဂရုဏာထားတော်မူပါ သခင်မဖုရား "
ဘုရင်မ - " ညီလာခံပြီး ဆုံးချေပြီ ၊ မင်းမှုထမ်း အားလုံးလဲ ပြန်သွားလေပြီ ၊ အဘယ်ကြောင့် နောက်ကျ၍ ရောက်လာ သနည်း မောင်မင်း"
အမှုထမ်း - " အခြားသူများ နှင့် သခင်မ တွေ့ ဆုံပြီးသည်ကား မှန်ပါသည် ၊ ယခုအချိန်သည် ကျွန်တော်မျိုး၏ အချိန် ဖြစ်ပါသည်။
သခင်မ ၏ နောက်ဆုံး ကျန်ရှိသည့် အမှုတော်များ ကို ထမ်းရွက်ရန်လာပါသည်။ "
ဘုရင်မ - " နောက် ကျ လှ သည့် ဤအချိန်ဝယ် သင် ဘာကို မျှော်လင့် နိုင်မည်နည်း "
အမှုထမ်း - " သခင်မ ၏ ပန်းဥယျာဉ် ၀ယ် ဥယျာဉ်မှူး အဖြစ် ခန့် အပ် တော် မူ ပါ "
ဘုရင်မ - " သို့ တောင်းဆိုခြင်းကား မိုက်မဲလှပေစွ "
အမှုထမ်း - " ကျွန်တော်မျိုး ၏ အခြားအလုပ် ကို စွန့် လွှတ်ပါမည် ၊ ကျွန်ုပ်၏ ဓါးနှင့်လှံ များကို မြေပေါ် သို့  လွှင့်ပစ်ပါမည် ၊ ကျွန်တော်မျိုးအား အခြားတစ်ပါး ဝေးသောအရပ်သို့ ပို့ တော်မမူပါ နှင့် ၊ တိုက်ပွဲသစ်များကို တာဝန်ယူတိုက်ခိုက်ရန် အမိန့်ပေးတော်မမူပါနှင့်တော့ ၊ သခင်မ၏ ပန်းဥယျာဉ်ဝယ် ဥယျာဉ်မှူးအဖြစ် ခန့် အပ်တော်မူ ပါ "
ဘုရင်မ - " သင်၏ တာဝန်များ ကား အဘယ်နည်း "
အမှုထမ်း - " သခင်မ ၏ ပျင်းရိငြီးငွေ့ ဖွယ်နေ့ များ ကို ဖျော်ဖြေလုပ်ကျွေးရန်သာဖြစ်ပါသည်
နံနက်ခင်းဝယ် သခင်မ လမ်းလျှောက်သည့် မြက်ခင်းပြင်လေး ကို စိုပြေလန်းဆန်းနေစေရန် ပြုစုပေးပါမည် ၊ သခင်မ ခြေချလိုက်တိုင်း အသက်စွန့် ရန် ၀န်မလေး သော ပန်းပွင့်လေးများက သခင်မ ၏ ခြေဖ၀ါးတော်အောက် ၀ယ် ၀ပ်စင်း၍ သခင်မ အား ချီးမြှောက် ကာ ခရီးဦးကြို ပြုစေပါမည်။ "
သစ်ကိုင်းတို့ အကြားဝယ် ဒန်းပြုလုပ်၍ သခင်မအား စီးစေကာ ကျွန်ုပ် က လွှဲပေးပါမည် ၊ ညနေခင်း ၏ ထွက်ပြူစ လမင်း သည် သစ်ရွက်များ ၏ ကြားမှ သခင်မ ၏ ၀တ်ရုံ ကို ထိနမ်း နိုင်ရန် ကြိုးစား ပါလေမည်။
သခင်မ ၏ ဘေးဝယ် နံ့ သာဆီ ဖြင့် မီးအိမ် ကို ထွန်းညှိ ပေးပါမည် ၊ သခင်မ ၏ ခြေနင်းခုံ ကို ကျောက်မျက်များ ၊ ပန်းများ ဖြင့် အံ့ချီးဖွယ် လှပစွာ တန်ဆာဆင်၍ ပေးပါ ဦးမည် ။
ဘုရင်မ - " သင့် အတွက် ဆုလာဘ်အဖြစ် ဘယ်အရာ ကို ယူမည်နည်း "
အမှုထမ်း - " ကြာပန်းဖုးငုံ ကဲ့ သို့ သော သခင်မ ၏ လက်ကလေးများ ကို ဆုပ်ကိုင်ခွင့်ပြု ရန်၊ ပန်းကုံးလေး များကို သခင်မ ၏ လက်ကောက်ဝတ် ၀ယ် ဆင်မြန်းခွင့်ပေးရန်၊ သခင်မ ၏ ခြေဖ၀ါးလေးများ ကို နီမြန်းသော ပန်းရည်များဖြင့် ရေးခြယ်ပေးရန် နှင့် ဖ၀ါးထက်ဝယ် တွယ်ကပ်နေသော မြေမှုန်လေးများ ကို နမ်း ၍ ဖယ်ရှားခွင့်ပြုရန်တို့ ပင်ဖြစ်ပါသည်။ "
ဘုရင်မ - " သင်၏တောင်းဆိုမှု များကို ပေးသနားတော်မူုမည် မောင်မင်း ၊ သင်သည် ကျွန်ုပ် ၏ ပန်းဥယျာဉ် ၀ယ် ဥယျာဉ်မှူး ဖြစ်စေအံ့ ။ ။
ရေးသားသူ - ရာဘင်ဒြာ နသ် တဂိုး
ဘာသာပြန်သူ - မိုးမိုး ( အင်းလျား )
Digitalize by - အရိုးခေါင်း ( တဂိုးစာနုယဉ် မှ )

Saturday, December 6, 2008
(၁)
ဆေးရုံ နံ့  ပြင်းပြင်း ….
မိုးအလင်း ည ….
ကော်ဖီ ခါး တစ်ခွက် တို့ ရဲ့  ….
အိပ်မက် ဖတ်စာ ……..
(၂)
အိပ် မက် တွေ သက် သက် နဲ့  ရှင် သန် လို့ မရ တဲ့ ဒီ လောက မှာ ကျွန်တော် တို့ ဘယ်လို မျှော် လင့် ချက် တွေ နဲ့ ရုန်းကန်ပျော်ရွှင်နေကြတာ လဲ …. ????
အိပ်ရာ ကနိုးတဲ့အခါ ရင်ဆိုင် ရမယ့် တစ်နေ့ တာ ကို ကြောက်ရွံ့ နေ သူတစ်ဦး ရဲ့ ဘ၀အဓိပ္ပါယ် …… ????
ကျွန်တော်တို့  ယုံကြည်ထား တဲ့ အရာ တွေ ပျောက်ပျက်မှားယွင်းသွားတဲ့အခါ ………. ????
ကျွန်တော် ထင်ပါ တယ် …. လူတွေ တစ်နေ့ တစ်နေ့  ငိုကြွေး နေကြ တဲ့ မျက်ရည်စက်တွေ အငွေ့ ပျံ သွားရင် …. ကောင်းကင် ပေါ်က မိုး တိမ် တချို့ က မျက်ရည် တွေ နဲ့  ယက်လုပ် ထား တာဖြစ်နိုင်ပါ တယ်။
(၃)
ကတ္ထီပါ လို နူးညံ့ တဲ့ မျက်ရည် တစ်ချို့  တစ်ဝက်နဲ့  ကိုယ် တိုင် ပေါင်းစပ်ထား တဲ့ မိုးကောင်းကင် အောက်မှာ ….
ကျွန် တော် က တော့ ကိုယ်ပိုင် ဒုက္ခနည်းနည်း .. လက်ကျန် စိတ်ဓါတ် တစ်ချို့  နဲ့ ရှေ့ ဆက်နေပါတယ်။

လူငယ်
လူငယ်တစ်ယောက်
ဘာမဆိုဖြစ်လောက် တယ်ဆိုပြီး
နေရောင်အောက်မှာ လမ်းလျှောက်လို့  …။
ဒါပေမယ့်
ဘောင်ခတ်ထားတဲ့ လမ်းတွေမှာ
ပူအိုက်မှောင်မိုက် နေ လို့  ….
ပိတ်ဆို့  ထားတာတွေ ဖောက်ထွက်
ဖိနှိပ်မှု ဒဏ်တွေ အောက်
ခံစားချက်တွေ မြိုသိပ် … ရင်း ….
သူ ဟာ … တစ်ခါတစ်ခါ … ကဗျာ
သူ ဟာ … တစ်ခါတစ်ခါ … ဒဏ်ရာ
သူ ဟာ … တစ်ခါတစ်ခါ … ဗလာ ...... ။
ဒီလိုနဲ့  ပဲ
သူ ဟာ … ဦးတည်ချက် ပျောက်သွားလိုက်
သူ ရဲ့  … ၀ိဥာဉ် လေလွင့် သွားလိုက် ...
သူ ( လူငယ် )
နေရောင်အောက် မှာ
ဆက်တော့ လျှောက်တယ်
ဘာမဆို ဖြစ်လောက် တယ်ဆိုပြီး … ။
အရိုးခေါင်း
ဘာမဆိုဖြစ်လောက် တယ်ဆိုပြီး
နေရောင်အောက်မှာ လမ်းလျှောက်လို့  …။
ဒါပေမယ့်
ဘောင်ခတ်ထားတဲ့ လမ်းတွေမှာ
ပူအိုက်မှောင်မိုက် နေ လို့  ….
ပိတ်ဆို့  ထားတာတွေ ဖောက်ထွက်
ဖိနှိပ်မှု ဒဏ်တွေ အောက်
ခံစားချက်တွေ မြိုသိပ် … ရင်း ….
သူ ဟာ … တစ်ခါတစ်ခါ … ကဗျာ
သူ ဟာ … တစ်ခါတစ်ခါ … ဒဏ်ရာ
သူ ဟာ … တစ်ခါတစ်ခါ … ဗလာ ...... ။
ဒီလိုနဲ့  ပဲ
သူ ဟာ … ဦးတည်ချက် ပျောက်သွားလိုက်
သူ ရဲ့  … ၀ိဥာဉ် လေလွင့် သွားလိုက် ...
သူ ( လူငယ် )
နေရောင်အောက် မှာ
ဆက်တော့ လျှောက်တယ်
ဘာမဆို ဖြစ်လောက် တယ်ဆိုပြီး … ။
အရိုးခေါင်း
လမ်းခွဲ
အပြင်မှာ မှောင်လား ၊ လင်းလား …
မကွဲပြားတော့ဘူး ။
နေ၀င်နေထွက်
ကျွန်တော့်နဲ့ မသက်ဆိုင်သလို …
အခန်းကျဉ်းထဲ က
ကွန်ပျူတာရှေ့  မှာ
မတော်တဆ တွေကို
တမင်သက်သက် ဖန်ဆင်း
သူငယ်ချင်းတွေ များခဲ့ပြီ ။
အခုသုံးနေတဲ့
မြန်းဂလိပ်ဘာသာ
ဘယ်သူတီထွင်တာမှန်း မသိပေမယ့်
တွင်တွင်ကျယ်ကျယ် ကိုသုံးလို့  … ။
Chatting ဟာ
ကော်ပီသီချင်း မဟုတ် …
နီကိုတင်း မဟုတ် …
အဓမ္မမှု မဟုတ် ပေမယ့်
အချိန်တွေကုန်ဆုံး
နာရီတွေ တော့ပြုန်းတယ် ။
Chatting ဟာ
ကောင်းလား ၊ မ ကောင်းလား …
နောက်လူတွေ
ဘာသာပြန်ခွဲခြားဖို့ 
ထားပေးခဲ့ရင်း …
ကျွန်တော်ကတော့
Chatting ကိုဘ၀ မှတ်
အနာဂါတ် ကို အမှတ်တမဲ့ နဲ့ 
ခရီးဆက် ဆဲ … ။
အရိုးခေါင်း
မကွဲပြားတော့ဘူး ။
နေ၀င်နေထွက်
ကျွန်တော့်နဲ့ မသက်ဆိုင်သလို …
အခန်းကျဉ်းထဲ က
ကွန်ပျူတာရှေ့  မှာ
မတော်တဆ တွေကို
တမင်သက်သက် ဖန်ဆင်း
သူငယ်ချင်းတွေ များခဲ့ပြီ ။
အခုသုံးနေတဲ့
မြန်းဂလိပ်ဘာသာ
ဘယ်သူတီထွင်တာမှန်း မသိပေမယ့်
တွင်တွင်ကျယ်ကျယ် ကိုသုံးလို့  … ။
Chatting ဟာ
ကော်ပီသီချင်း မဟုတ် …
နီကိုတင်း မဟုတ် …
အဓမ္မမှု မဟုတ် ပေမယ့်
အချိန်တွေကုန်ဆုံး
နာရီတွေ တော့ပြုန်းတယ် ။
Chatting ဟာ
ကောင်းလား ၊ မ ကောင်းလား …
နောက်လူတွေ
ဘာသာပြန်ခွဲခြားဖို့ 
ထားပေးခဲ့ရင်း …
ကျွန်တော်ကတော့
Chatting ကိုဘ၀ မှတ်
အနာဂါတ် ကို အမှတ်တမဲ့ နဲ့ 
ခရီးဆက် ဆဲ … ။
အရိုးခေါင်း
Wednesday, November 26, 2008
မရေရာ တဲ့ ရလဒ်
တိုးတက်မှု့ 
စိတ်ဓာတ်ရေးရာလား
ရုပ်ဝထ္တုရေးရာလား
မရေရာခင်လေးမှာပဲ ဝေးခဲ့လေပြီ ချစ်မြေဆီမှ
လိုချင်မှူ့တစ်ခုအရင်းတည် ပေမို့
ဆုံးရှုံးမှု့တို့က ထောင်ရာတည်ပေသည်။
တဖန်ပြန်တွေး လိုရာရခဲ့လေသလားလို့…
ဆိုပြန်သော်ကား မရေရာလေ ဤအဖြေက
လေဆန်ကိုကန် မငြင်သာစွာ ရုန်းရသော်ငြား
ဆုပ်ပြန်ရန်လည်း အားမရှိလှပေ။
.....

Subscribe to:
Posts (Atom)