လေလွင့်တဲ့စိတ်
ဘောင်ခတ်မရတဲ့ အတွေး
အဆုံးမရှိတဲ့ခရီးကိုနှင်
ရင်ခွင်က ပွစာတက်
စိတ်က ကယောက်ကယက်။
ထိန်းချုပ်ဖို့ ကြိုးစားတဲ့အသိ
မျောပါခွင့် ကို ကန့်သက်တဲ့ဝိညာဉ်
မြုပ်ချီပေါ်ချီ တလှည့်စီမို့
မျှတတဲ့ ရပ်တည်မှု့ကအစွမ်းမဲ့။
ရှေ့တိုးတော့ ဆူး
နောက်ဆုတ်တော့ ရူးမို့
ချောင်ပိတ်မိနေတဲ့ ဒီဘဝ
လွတ်မြောက်ခွင့် တခဏ
ပေးသနားတော်မူပါ အို…သခင်။
စုလတ်
၂၀၀၉.မတ်.၁၄
Monday, April 27, 2009
Subscribe to:
Post Comments (Atom)
No comments:
Post a Comment