အမှတ်တရဆိုတာရှိမနေခဲ့ရင်
အမှတ်ရနေမှာမဟုတ်ဘူး…
သတိရနေတယ်လို့ ပြောလို့မရအောင်
ဟောဒီိကောင်
အလွမ်းထုံနေတဲ့ လူနာ…
အတိတ်စွဲရောဂါနဲ့ မင်းနာမည်ကိုချရေးရင်း
မနက်ခင်းတိုင်း
မိုးခါးရေသောက် အနာမကျက်လဲ သွေးတော့တိတ်ခဲ့ပီ
ထင်ပါတယ်
ငါ့အသက်တချက်ရှူရှိုက်တိုင်း
မျှော်လင့်ချက်တွေ တခါသေတယ်…
မြတ်နိုးခြင်းနဲ့ပဲ တယုတယချစ်ခဲ့သူပါ…
အဲဒီစကားမှာ
သစ္စာတရားတွေပါတယ်…
နားလည်မယ်မဟုတ်လား..
ဝိုးတ၀ါးနဲ့…ငါ
စိတ်တူကိုယ်တူဆောက်ခဲ့တဲ့ တံတိုင်းတဖက်
ခြေစုံရပ် မင်းကိုစောင့်နေမယ်…
" အပြန် "
မြငြိမ်းငယ်
14th Feb-2009
Monday, April 27, 2009
Subscribe to:
Post Comments (Atom)
3 comments:
ငါ့အသက်တချက်ရှူရှိုက်တိုင်း
မျှော်လင့်ချက်တွေ တခါသေတယ်…
ဆေးလိပ်လေးကို ရှိုက်.. မရောတဲ့ အနာဂတ်ကို
မျှော်ကြည့်ရင်း....
ဆေးလိပ်လေးသာ ကုန်သွားတယ်.... ငါ့အနာဂတ်ကတော့ ...
မှုံဝါးဆဲပါလား..
ခီခန့် ဖတ် ခံ မန့်.. တွားတယ်နော်..
အဟီး.. ( ခံ= ခံစားသည်)
i read'it's missing-someone!_!ha ha hahhhhhhhhhhhhhhhhhhhhhh
comment ထားခဲ့သူများ နှင့် မထားခဲ့သူများ အားလုံး ကို ကျေးဇူးတင်ပါတယ်...
Post a Comment